Thursday, March 19, 2009

ဆင်းရဲသားနှင့်လူချမ်းသာကွာခြားချက်...

> ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။

> ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။

> ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။

>ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ လူချမ်းတော့ လင်မယားတွေ ကွဲချင်တယ်။

>ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။

>ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။

> ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ဘုရားလူကြီးတွေကျတော့ အလကားရတာမှန်သမျှစားတယ်။

>ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။

> ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

> { ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}

။................ဘယ်လို့ဖြစ်ဖြစ် ပျော်ရွှင်ပါစေ ..............။


(All actions you do on everything is your morality.)
(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်ဧ။်ကိုယ်ကျင့်တရားပင် ဖြစ်သည်။)

နဖူးစာ = အိုဘယ့် မိန်းမ /အိုဘယ့် ယောက်ျား

--------အိုဘယ့် မိန်းမ

> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊

> ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊

> နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊

>ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊

> မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊

>ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊

> ခေတ်မှီတာကျတော့ စိတ်မချရ၊

> စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။


>.................................................................................။

> အိုဘယ့် ယောက်ျား

> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊

> ရုပ်ချောရင် ငွေမရှာတတ်ဘူး၊

> ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊

> အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊

> အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊

> အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊

> အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။


>.............................................................................


ဒါကြောင့်................................

> ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။

> ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။

> ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။

> ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့၊
> ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။

> -----------------------------------------------------------------------

ပြီးတော့....

> မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။

> ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။

> အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။

> အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။

>--------------------------------------------------------------------------

( လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်)


> ROMANCE MATHEMATICS

> Smart man + smart woman = romance

> Smart man + dumb woman = affair

> Dumb man + smart woman = marriage

> Dumb man + dumb woman = pregnancy

> GENERAL EQUATIONS & STATISTICS

> A woman worries about the future until she gets a husband.

> A man never worries about the future until he gets a wife.

> A successful man is one who makes more money than his wife can spend.

> A successful woman is one who can find such a man.

>......................................................................

Monday, March 16, 2009

မိန်းမ


၁။ မိန်းမတို.၏ အဆင်းသဏ္ဌာန်ကဲ.သို. ယောက်ျားတို.၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်နိုင်သော အဆင်းသဏ္ဌာန်မျိုး ဤလောကတွင် ငါဘုရားမြင်တော်မမူ။

. အင်္ဂုတ္တိုပါဠိတော်





၂။ မိန်းမဟူသည်မှာလျှိုဝှက်ဆန်းကြယ်၏။ သိုသော်လိုအပ်သောသတ္တ၀ါမျိုးဖြစ်၏။

မိန်းမတစ်ယောက်ကို ယ

ဘ၀မြင့်မားခြင်း၏ လမ်းစများ


ချွေတာတတ်ခြင်းသည် ချမ်းသာခြင်း၏လမ်းစ

စည်းကမ်းရှိခြင်းသည် လူ့ အဆင့်အတန်းမြင့်မားခြင်း၏လမ်းစ

ရိုးသားခြင်းသည် ယုံကြည်ရခြင်း၏လမ်းစ

အမှန်အတိုင်းပြောတတ်ခြင်းသည် သစ္စာရှိခြင်း၏လမ်းစ

ကြိုးစားခြင်းသည် တိုးတက်ခြင်း၏လမ်းစ

ဖော်ရွေခြင်းသည် လူချစ်လူခင်ပေါများခြင်း၏လမ်းစ
မေရီကေခိုင်စိမ်း

လူ့ ဘ၀တွင် မလွဲမသွေကြုံတွေ့ ရမည့် အကြောင်းအရာ (၁၁)ပါး

မဆုံးနိုင်သောခရီး=သံသရာခရီး

မပြီးနိုင်သောအလုပ်=စားဝတ်နေရေး

မလှုပ်နိုင်သောအနှောင်=သံယောဇဉ်

မရှောင်နိုင်သောဘေး=အို၊ နာ၊ သေဘေး

မအေးနိုင်သောအပူ=ကိလေသာအပူ

မယူနိုင်သောအရာ=ခန္ဓာကိုယ်

မရေရာသောလမ်း=အနာဂတ်လမ်း

မမှန်းနိုင်သောနေ့ =သေမည့်နေ့ 

မဖြည့်နိုင်သောဆန္ဒ=လောဘ

မ၀နိုင်သောအာသာ=တဏှာ

မညှာတာသောသူ=သေမင်း

ထပ်ဆင့် မျှဝေခြင်းသာ ဖြစ်ပါသည်။

မေရီကေခိုင်စိမ်း

မိန်းမ

မိန်းမဟူသည်ခွန်အားနွဲ.သောသတ္တ၀ါပင်ဖြစ်သော်လည်း အင်အားအကြီးမားဆုံးစွမ်းအင်တစ်ခုဖြစ်၏

မိန်းမတို.သည် အလိုရှိရာသို. ယောကျားများအား မြင်းဇက်ကိုင်သလိုမောင်းနှင်သွားနိုင်သည်။

မိန်းမဟူသည် မာန်နတ်မင်းရဲ.ကြာပွတ်ဖြစ်၏။

ဘုရားသခင်သည် မာန်နတ်အားငရဲ၌ ချုပ်နှောင်ထားစဉ် မာန်နတ်အစား မိန်းမတို.ကို ကမ္ဘာမြေသို. အစား ဖန်ဆင်းပေးခဲ့သည်။

မှတ်သားစရာများ

မှတ်သားစရာများ

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ ဆုံတဲ့အခါ သူနဲ့ တစ်သက်တာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်းတိုက်ဆိုင်သူနဲ့ ဆုံဖို့ ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ ကျေးဇူးကိုမှတ်ထားပါ။
သူဟာကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူဖြစ်လို့ ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်း ပြောပါ။
သူ့ ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ ပါပဲ။


ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့  ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ ကြောင့် ကိုယ်ပိုကြံ့ ခိုင်ခဲ့လို့ ပါပဲ။

ကိုယ်နဲ့  အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝ ကျေးဇူးတင်ပါ။
သူ့ ကြောင့် ပျော်ရွှင်ကြည်နူးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့  ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့  ဆုံတဲ့အခါ သူပျော်ရွှင်ဖို့  တောင်းဆုပြုပါ။
သူ့ ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ ပါ။

ကိုယ့်ကိုထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေထင်ကျန်အောင် သူနင်းလျှောက်ခဲ့လို့ ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
ဒီတော့မလုပ်မနေလုပ်ဖြစ်အောင်လုပ်ပါ


ထပ်ဆင့် မျှဝေခြင်းသာ ဖြစ်ပါသည်။

မေရီကေခိုင်စိမ်း

Friday, March 13, 2009

လက်ထပ်ခြင်း

ဇနီးမယားဆိုတာ ငယ်ရွယ်သူများအတွက် အိမ်ရှင်မ အသက်လတ်တန်းများအတွက် အဖေါ်မွန် လူကြီးများအတွက်တော့ သူနာပြု။


ဇနီးကောင်းတစ်ယောက်သည် ဆုလဘ်ကောင်းတစ်ခုဖြစ်သည်။
(A good wife is a good prize.)

Thursday, March 12, 2009

အချစ်အကြောင်း

၁။ တုံ.ပြန်မှုမရှိတဲ့အချစ်ဆို အဖြေမရှိတဲ့ပုစ္ဆာ

၂။ အချစ်နဲ.ပက်သက်မိတဲ့လူတစ်ယောက်ဟာ ဒုက္ခနဲ.လည်းပက်သက်ရတော့တာပဲ
(He who exposes himself to Love, exposes himself to suffering)

၃။ လူတွေဟာ အချစ်ငတ်လို.မသေနိုင်ပါဘူး ။ အချစ်အစာမကျေရင်တော့သေတက်တယ်။
(Mando not die of strvation of love. But they usually die of undigestion of Love.)

၎။ အချစ်ကိုအောင်နိုင်သောတခုတည်းသောနည်းလမ်းမှာ

Wednesday, March 11, 2009

မြန်မာ့ရိုးရာ လက်ထပ်ထိမ်းမြားခြင်း

၁။ ပုဆိုးတမ်းတင် လက်ထပ်ခြင်း
၂။ လက်ဆုံစား လက်ထပ်ခြင်း
၃။ လက်စွပ်လဲ လက်ထပ်ခြင်း
၎။ အ၀တ်လဲ လက်ထပ်ခြင်း
၅။ လက်ထပ် လက်ထပ်ခြင်း

၆။ ဒါလီဖွဲ.လက်ထပ်ခြင်း (လေးတောင်ခန်.ရွေးကြိုးကို နှစ်ဦးလည်တွင်ဆင်မြန်း)
၇။ စုလျားရစ်ပတ် လက်ထပ်ခြင်း(အလျားခြောက်တောင် အနံနှစ်တောင်စုလျားတဘက်နှင့်ရစ်ဖွဲ.)
ဂ။ ပန်းကုံးစွတ် လက်ထပ်ခြင်း
၉။ေ၇ခွက်၌လက်ဆုံချ လက်ထပ်ခြင်း
၁၀။ ဦးထိပ်ရေစင်သွန်း လက်ထပ်ခြင်း

လက်ထပ်ခြင်း ပုံရိပ် များ

Monday, March 9, 2009

myatmoemin birthday


သူငယ်ချင်းများအားလုံး
လိုအင်တွေပြည့်ဝပြီး
ပျော်ရွှင်ချမ်းမြေ့ကြပါစေ!!!

what is love?




အချစ်ဆိုတာ ထီထိုးရသလိုဘဲ!!!

Thursday, March 5, 2009

ရှာဖွေခြင်းခရီး

ရေခဲမြစ်တစ်စင်း တိုက်စားလို
ရင်ခွင်ကမ်းပါးတွေပဲ.ကြွေစမ်းပါစေ
နှလုံးသားကြမ်းပြင်ထက်မှာ
ချစ်သူအငွေ.အသက်ကလေးတွေ
နှစ်လကြာရှည်
ထာ၀၇အဖြစ်နဲ.အေးခဲစေတော့

ရယူခြင်း
ပိုင်ဆိုင်ခြင်း
စွန်လွှတ်ခြင်း
ခွင့်လွှတ်ခြင်း
ဒီလိုဖွင့်ဆိုခြင်း များစွာနဲ.
ငါ့ရဲ.ရှာဖွေခြင်းတိုင်းမှာ
တစ်နေ.တစ်လံလို.
မြေပုံထဲကေ၇ွှပေါက်ကံက
ဝေးကွာဆဲ

အချစ်ကို
အတွေသီအိုရီတွေနဲ.ရောယှက်
အဖြေထွက်တာက
ပင်လယ်တစ်ဝက်
တောင်တန်းတစ်ဝက်
ဆုံးဖြတ်ရလဲခက်တယ်

သခင်ရယ်
ရှေ.ဆက် ဖို.လမ်းတစ်ဝက်မှာ
သမင်လည်ပြန်ခြေလှမ်းနဲ.
တစ်လှမ်းဆုတ်အားယူ
နေပူပူ နွေထဲမှာ
- ခြေဗလာပါပဲကွယ်

ဒီဇင်ဘာ(မုန်းချောင်း)

Tuesday, March 3, 2009

အနက်ရှိုင်းဆုံးအချစ်

နှလုံးသားရဲ. သက်တမ်းကို
ဒီဒါဏ်ရာတွေနဲ.ရေတွက်
ဝါးမျိုတက်တဲ့ယန္တယားတစ်ခုကို
သက်ပြင်းရှည်တွေနဲ.ငေးမောရင်း
အခွင့်အရေးဆိုတာ
အတောင်ပံတွေနဲ.လို. သင်ယူခဲ့ရတယ်

အချိန်နဲ.အမျှ --
တမ်းတစွာဖွဲ.တည်သောကြောင့်
နာကျင်အနမ်းတွေရဲ. ရင်ခွင်ထက်က
ဒီ မြဲစိမ်းတောတစ်ခုကို
ပါဝေဒနာပညက်သလား

အတ္တတွေကို
အစီစဉ်ကျအောင် နေရာချရင်း
ရင့်ကျက်ခြင်း တံတိုင်းတွေနဲ.
ကိုယ်တိုင်ခြားနားမိ

သခင်ရယ်
ဆင်ခြင်တုံတရားတွေရဲ.
အဝေးဆုံးမှာ
နေထိုင် ရှင်သန်ခွင့်ပြုပါ
အနက်ရှိုင်းဆုံးချစ်ခြင်းတရားတွေ-
တောက်ပဖို.ပေါ့​။ ။

ဒီဇင်ဘာ(မုန်းချောင်း)

အပြာရောင်ပင်လယ်

ဘ၀ဆိုတာပင်လယ်တဲ့
ဒီလိုနဲ.ကူးခတ်ရင်း
မနက်ဖြန် သတင်းမှာ လှိုင်းထန်မှာစိုးလို.
ရေဒီယိုအသံလှိုင်းဆိုတာ
မကြားဝံ့ပါဘူးချစ်သူ

ချစ်သူ လက်ခုတ်ထဲက
ငါ့ပင်လယ်ပါ
ပစ္စုပန်ရာသီမှာ
ရင်ခုံသံမာတိကာကို ငါရှာဖွေမိတော့
ကောင်းကင်လို ပြာလွင်ဆဲ

ရင်ခွင်ရဲ.
နှလုံးသားဘက်ရပ်ဝန်းမှာ
လေဖိအား မနည်းပါရစေနဲ.
ချစ်သူရယ်

မုန်းတယ်ဆို၇င် ငါ့ရင်ခွင်မှာ
မုန်တိုင်းဝင်တဲ့ ရာသီဖြစ်လိမ်မယ်။ ။

ဒီဇင်ဘာ (မုန်းချောင်း)

ဝေဒနာနွေ

ဖူးပုရစ်သစ်
နုသစ်ဝေေ၀
ရွက်ကြွေလေထဲ
ဝေ့၀ဲသုတ်ဖြူး
နွေလေရူးနှင့်
ဥသြသံထူး၏
ထို.ကြောင့်နွေဦး

ခွဲမသွားပါနဲ.ကွယ်လို.
မတောင်းပန်ရက်ဘူး
မင်းဆုံးဖြတ်ချက်တွေ ခက်ခဲမှာစိုးလို.

ရွက်ဝါကြွေ လေလာမြူးခဲ့
ရူးမတက်လွမ်းသူမှာ အံတင်း
အင်း --- ရိုးတံတွေလဲအထီးကျန်
အလွမ်းသဏ္ဌန်ထင်ရဲ.

ပင်အိုဆိုတာ
နွေရဲ.ပြရုပ်သက်သက်
ဝေဒနာ လက်တံတွေထက်က
သစ်ရွက်တွေ အပြိုင်းအရိုင်း ခြွေ
ကြွေစေတဲ့ နွေ

လေရူးကြောင့်လား
ဥသြကြောင့်လား
ရိုးတံကြောင့်လား
ဂိန်မာန်အငြိုး အပြစ်မဖွဲ.မယိုးတော့ဘူး

နင်ငါ့ကို
ကြင်နာတက် စေခဲ့တာလား
နာကြင်မျက် စေခဲ့တာလား
--
---
ခုတော့လဲ မထူးတော့ဘူး။ ။

ဒီဇင်ဘာ (မုန်းချောင်း)

မနက်ဖန်သို.အတွေး

မှောင်မိုက်လွန်းတဲ့ ငါ့ပင်လယ်
ငါ့လှေငယ်က
အတ္တကို အလံမလှဲ ။

မိုက်မဲစွာ ရိုးသားလွန်းလို.
ခါးဆီးခံခဲ့ရတဲ့ ဒုက္ခ
အများကြားအောင် အော်ဟစ်ပြဖို.
ငါ့သိက္ခာကို ငါရှက်နေမိ ။

သမင်လည်ပြန် အတွေးတွေထဲမှာ
ဘ၀ ဆိုတာ
ငှက်ပျောတုံးလိုပဲ
ရှင်သန်ခြင်းကို တဖက်ခြင်းဆွဲခွာရင်း
ဘာကြောင့်များ အသက်ဆက်နေမိကြသလဲ ။

လောကထဲမှာ
မနက်ဖြန်ဆိုတာကို ဦးတည်ရာမဲ့စီးဆင်းဖို.
ငါ့ဘ၀ကို ငါအားပေး
ငါ့အတွေးတွေကို လည်ပတ်စေခဲ့ ။

လှိုင်းဂယက်တွေရဲ.ထက်မှာ
ဗေဒါတွေလည်း အယက်အကန်ခံရင်း
ခရမ်းရောင် ပွင့်ကြဆဲ။ ။

ဒီဇင်ဘာ (မုန်းချောင်း)

အမှားများ

ပြင်ဆင်ခွင့်တွေ မလိုပါဘူး

ကျွန်တော်က မှားနေကျပါ ။



သကာဖုံးမထားပဲ ခါးနေရင်တောင်

ဒီအဆိပ်တွေကို မြိန်ရှက်ခဲ.တာ

မတင်းတိမ်နိုင် ဘူးလေ ။



ရသမြောက်အတ္တတွေ စီးနင်းရင်း

---

ဘာဖြစ်ဖြစ်ပါကွယ်

အကြောင်းမရှိအကြောင်းရှာဖြစ်

ဖြစ်သမျှ အချစ်ကြောင့်လို. ။



အချစ်ဆိုတာ

စွန်.လွတ်ခြင်းတဲ့

အကြိမ်ကြိမ် စွန်.လွတ်ရင်း

မရင့်ကျက်နိုင်သေးတဲ့ သူပါ ။



ဒီဇင်ဘာ(မုန်းချောင်း)

အိပ်ပျက်ဝေဒနာ

အမုန်းပင်လယ် လက်တကမ်း
နှလုံးသား တစ်ခြမ်းနဲ.
အသည်းအသန် ကူးခတ်
ကမ်းတစ်ဖက်မှာ ချစ်ခြင်းတဲ့လားကွယ် ။

ရောင်စုံနူးညံ့
သင်းပျံ.ထုံပွင့်လွှာပါးနဲ.
ဇကာခြား မျက်လွှာချ
ပင်လယ်ကိုတောင် ပြာကျမတက်
မျက်စောင်းခတ်သံတွေ ။
ကိုးန၀င်းနဲ. သိဒ္ဓိတင်ရင်း
ရေခဲမြစ်တစ်စင်းလို တိုက်စားခြင်းတွေနဲ.
နှလုံးသား ကြမ်းပြင်ထက်မှာ
ချစ်သူရဲ. အငွေ.အသက်ကလေးတွေ
ထာဝရ အေးခဲစေတော့ ။

အနိုင်ယူတက်လွန်းတဲ့
နှင်းဆီတစ်ဖူးရဲ.
မိုးကြိုးစက် အကြည့်တစ်လက်မှာ
ပ၀ါဖြူကို အလံလိုထူခဲ့ ။

နေညိုလေ့ရှိတဲ့
တောင်စွယ်မှာ ဗဟိုပြု
ရာဇဒါဏ်သင့်ခဲ့တဲ့ ချစ်ခြင်းတစ်ခုလို
ရှင်သန်ခြင်းတွေလည်း
စည်းတစ်ဖက်ခြား ။

နှောင်းတမြေ.မြေ. ဝေဒနာ
လေလာတိုင်း ရင်းမှာကြွေ
အိပ်ပျက်သူအတွက် ညတာလည်းရှည်ရဲ. ။ ။

ဒီဇင်ဘာ(မုန်းချောင်း)

သိင်္ဂရစစ်ပွဲ

ခြောက်သွေ.လွန်းတဲ့ သိင်္ဂရမြက်ခင်း
သွဲ.သွဲ.လေညှင်းရဲ. ၇နံ.မှာ
ရသစိမ်းတွေ ခါးသက်စွာသင်းတယ်

သံယောဇဉ်ညှာ နွယ်လိမ်ရစ်
ကကြိုးရှုပ်တဲ့ အသဲသခင်
လူမိုက်ရယ်လို.
အပြစ်တင်လိုက တင်ကြတော့

ဓာလှံဆင်မြင်း
မာန်ဟုန်တင်း စစ်တလင်းခင်းလို.
ချစ်ပလင် သခင်နင်းပါလှဲ.
အသဲချင်းလဲ စီးချင်းမယှဉ်ဝံ့တဲ့သူပါ

သခင်ရှေမှာ
ကိုယ်နဲ.လိပ်ပြာ တွဲလိုမြဲမခိုင်
ဆင်ကျင်းမြင်းကျင်းလဲ သတိမစင်နိုင်ခဲ့
တွန်းဝှေ.ဝှေ.လို. ချွန်းကုန်မဖွင့်ခင်က
ဟောင်းရွက်ကြွေအညှာတဲသလို
ချစ်နယ်မြေ ခြေကုတ်မမြဲနိုင်ခဲ့
သခင့်ရယ်သံ အဖျားခတ်ရုံနဲ.
ကြွေ အသဲ
ရင်ထဲက ပြုတ်စင်လွင့်ထွက်။ ။

ဒီဇင်ဘာ(မုန်းချောင်း)

အလွမ်းငှက်

ပြန်လမ်းမဲ့ဆန်.ထွက်ခဲ့ရတယ်

ရင်ခွင်ကိုရွက်စုံဖွင့်ရင်းပေါ့။



ရင်ခွင်ခြင်းအပ်လို.

ရင်ခုံခြင်းတွေဝင်ရိုးစွန်းတစ်ဘက်စီမှာကျောက်ချ။



သံနှင့်ပြဒါး

သူ.လမ်းသူသွားရင်

ကိုယ်ခရီးမှာကိုယ်တိုင်နစ်မျော

ဝေဒနာတောမှာနေမြင်.ခဲ့ရ။

အလွမ်းဆိုတာ

ချစ်တက်သူတွေခံစားဖို.သက်သက်ပါပဲ။



အသဲထဲတစ်နေရာမှာ

လှောင်ပြုံးတက်တဲ့နှုတ်ခမ်းနှစ်လွှာရေ။

တိမ်ညိုတွေရဲ.အနားတစ်ဘက်မှာ

ငွေရောင်အနားသတ်ဖို.

ငါ့အတွက်မသေချာသေးဘူး။

ပစ္စုပန်မှာလဲမှောင်မိုက်ဆဲ

ဒီအချစ်အတွက်နဲ.ပဲ

နိဂုံးတွေခါးခဲ့ရ

ပုံသေနည်းချထားတဲ့ အဖေါ်မဲ့ညည့်နက်ထဲမှာ

အထီးကျန်ပျံသန်းခဲ့တဲ့ငှက်တစ်ကောက်ပါ။

တစ်နဲ.တစ်ရဲ.အဖြေဟာ

မင်းနဲ.ငါအတွက်

အလွမ်းသက်သက် ဖြစ်ခဲ့ရတယ်။ ။

စွန်.ပစ်ခြင်း မနက်ဖန်

ပြန်လမ်းမဲ့ဆန်.ထွက်ခဲ့ရတယ်
ရင်ခွင်ကိုရွက်စုံဖွင့်ရင်းပေါ့။

ရင်ခွင်ခြင်းအပ်လို.
ရင်ခုံခြင်းတွေဝင်ရိုးစွန်းတစ်ဘက်စီမှာကျောက်ချ။

သံနှင့်ပြဒါး
သူ.လမ်းသူသွားရင်
ကိုယ်ခရီးမှာကိုယ်တိုင်နစ်မျော
ဝေဒနာတောမှာနေမြင်.ခဲ့ရ။
အလွမ်းဆိုတာ
ချစ်တက်သူတွေခံစားဖို.သက်သက်ပါပဲ။

အသဲထဲတစ်နေရာမှာ
လှောင်ပြုံးတက်တဲ့နှုတ်ခမ်းနှစ်လွှာရေ။
တိမ်ညိုတွေရဲ.အနားတစ်ဘက်မှာ
ငွေရောင်အနားသတ်ဖို.
ငါ့အတွက်မသေချာသေးဘူး။
ပစ္စုပန်မှာလဲမှောင်မိုက်ဆဲ
ဒီအချစ်အတွက်နဲ.ပဲ
နိဂုံးတွေခါးခဲ့ရ
ပုံသေနည်းချထားတဲ့ အဖေါ်မဲ့ညည့်နက်ထဲမှာ
အထီးကျန်ပျံသန်းခဲ့တဲ့ငှက်တစ်ကောက်ပါ။
တစ်နဲ.တစ်ရဲ.အဖြေဟာ
မင်းနဲ.ငါအတွက်
အလွမ်းသက်သက် ဖြစ်ခဲ့ရတယ်။ ။

မိန်းမမာယာ (၄၀)

ခွေးလေးကိုကြိုးနဲ့ဆွဲကာခေါ်သွားမလား ဆိုပြီး လောကကြီးရဲ့မာယာတွေအကြောင်းသီချင်းလုပ်ဆိုထားတဲ့ ချစ်ကောင်းရဲ့ သီချင်းလေးတစ်ပုဒ်ကိုနားထောင်ရင်း ၀င်လာတဲ့အတွေးတစ်စကနေပြီး ဒီစာစုလေးကို ရေးဖြစ်ခဲ့ပါတယ်။တွေးရင်းတွေးရင်း မဆုံးနိုင်တဲ့မာယာနဲ့ တစ်ယောက်ကိုတစ်ယောက် လှည့်စားရှင်သန်နေရင်းကနေ မာယာကြားထဲမှာပဲနစ်မြောသွားရတဲ့လူတွေအကြောင်း ရုန်းထွက်ခက်နေတဲ့လူတွေအကြောင်း ကျွန်တော်စဉ်းစားမဆုံနိုင်အောင်ပါပဲ နော်။

မာ


၁။ ၀ိဇမ ၻတိ
ဦးခေါင်ခြေလက်တို.ကို ဆန်.ပြခြင်း။

၂။ ၀ိနမတိ
ခါးကိုရှေ.နောက် ကုန်းကော့ပြခြင်း။

၃။ ၀ိလာသတိ
စောင်း၍လည်းကောင်း ပက်လက်လည်းကောင်း အိပ်ပြခြင်း။

၎။ ၀ိလဇ္ဇာတိ
ရှက်စနိုးဟန် မရဲတရဲပြခြင်း။

၅။ နစေန နခိယဋေတိ
လက်သည်းခြေသည်းခြင်းထိခိုက်ပွတ်ပြခြင်း။

၆။ ပါဒေနပါဒံ အက္ကမတိ
ခြေဖြင့်ခြေဖ၀ါးကို ဖိနင်းပြခြင်း။

၇။ ကဌေနပထ၀ိံ ၀ိလေတေ
တုတ်ဖြင့်မြေကြီးကို ရေးခြစ်ပြခြင်း ။

၈။ ဒါရကံ နလ္လဃတိ၊ နလ္လဃာလတိ
သူငယ်ကိုမြှေက်ပင့်ခြင်း။

၉။ တိဋတိ၊ တိဋာလေတိ
ကလေးနှင့်ကစား၍ ခုန်ပြေးပြခြင်း။

၁၀။ ၯမၺတိ၊ ဓုမၺေပတိ
ကလေးကို နမ်းခြင်း၊ နမ်းစေခြင်း။

၁၁။ ကုဉ္စာတိ၊ ကုဉ္စာပေတိ
စားစေခြင်း၊ စားသောက်ခိုင်းခြင်း။

၁၂။ ပဒါတိ
လက်ဆောင်ပစ္စည်း ပေးကမ်းခြင်း။

၁၃။ ကတံ၊ အနုကယောတိ
ချစ်သူလုပ်သမျှ အတူလုပ်ခြင်း ။

၁၄။ နစ္စံတာသတိ
ချစ်သူ.ဂုဏ်ကို အမြင့်ဆုံးပြောခြင်း။

၁၅။ နစ္စံဘာသတိ
သူများကချီးမွမ်းလျင်မိမိက နှိမ်ချပြောဆိုခြင်း။

၁၆။ အ၀ိစ္စံဘာသတိ
ချစ်ကြောင်းဖွင့်ဟ ဗြောင်ပြောခြင်း။

၁၇။ ဇိဝိစ္စံဘာသတိ
ဥပမာစကားတို.ဖြင့် ချစ်ကြောင်းပြောခြင်း။

၁၈။ နိစ္စံ
ကခုန်ခြင်း။

၁၉။ ဂီတ
သီဆိုညည်းခြင်း။

၂၀။ ၀ါဒိတံ
တီးမှုတ်ပြခြင်း

၂၁။ ရောဒတိ
မဲ့ပြ၊ ငိုပြ၊ မကြည်မသာပြခြင်း ။

၂၂။ ၀ိသာသတိ
တင့်တယ်အောင်ခံစားဖို. ပြောလေ့ရှိခြင်း။

၂၃။ ၀ိဘူသတိ
တန်ဆာကိရိယာ ၀တ်ဆင်ပြခြင်း။

၂၄။ ဇဂ္ဃတိ
အသံထုတ်၍ ရယ်ခြင်း၊ ဟစ်ခေါ်ခြင်း။

၂၅။ ပေက္ခတိ
တည့်တည့်မကြည့်၊ ငဲ့၍ စောင်းး၍ကြည့်ခြင်း။

၂၆။ ကဋိစာလေတိ
ခါးကိုကော့ကာလှန်ကာ ရဲရဲပြခြင်း။

၂၇။ ရုညဘဏ္ဌက၊ စာလေတိ
လျှို.၀ှက်အပ်သောအရာတို.အား လှုပ်ရှားပြခြင်း

၂၈။ ဥရုံဝိစရတိ
ပေါင်သားပေါ်ထမီကို မ၊ ပြခြင်း

၂၉။ ဥရုံဝိဒဟတိ
ပေါင်သားတို.အား ရှက်ဟန်ဖုံးခြင်း

၃၀။ ထနံဒသောတိ
ရင်သားကို မသိမသာမြင်အောင်ပြခြင်း

၃၁။ ကစံ္ဆဒသောတိ
လက်နှစ်ဘက်ကို မြှောက်ပြခြင်း။

၃၂။ နာဘိဒသောတိ
ချက်ပေါ်အောင် ထဘီဝတ်ပြခြင်း

၃၃။ အက္ခိနိ စဏဘိ
မျက်စိကို စကာစကာ မှိတ် ပြခြင်း။

၃၄။ ဘမူကနက္ခိတိ
မျက်ခုံးနှစ်ဘက် မြှင့်ပြခြင်း။

၃၅။ သြဋ္ဌဌပလိဓတိ
နှုတ်ခမ်းချင်းကိုက်ကာပြခြင်း။

၃၆။ ဇိဝှံနိလ္လာလေတိ
လျှာဖျားထုတ်၍ နှုတ်ခမ်းနှင့် ကိုက်ပြခြင်း။

၃၇။ ဒုဿံမုဉ္စတိ
ခါးဝတ်ကို ချွတ်ဟန်ပြခြင်း။

၃၈။ ဒုဿံပဋိဗန္ဒတိ
ခါးဝတ်ကို ဖြေ၍ပြခြင်း။

၃၉။ သိရသံမုဉ္စတိ
ဆံထုံးကို ဖြေ၍ပြခြင်း။

၄၀။ သိရသံဗန္ဒတိ
ဆံထုံးကိုပြင်၍ ထုံးပြခြင်း။