Tuesday, March 3, 2009

အနက်ရှိုင်းဆုံးအချစ်

နှလုံးသားရဲ. သက်တမ်းကို
ဒီဒါဏ်ရာတွေနဲ.ရေတွက်
ဝါးမျိုတက်တဲ့ယန္တယားတစ်ခုကို
သက်ပြင်းရှည်တွေနဲ.ငေးမောရင်း
အခွင့်အရေးဆိုတာ
အတောင်ပံတွေနဲ.လို. သင်ယူခဲ့ရတယ်

အချိန်နဲ.အမျှ --
တမ်းတစွာဖွဲ.တည်သောကြောင့်
နာကျင်အနမ်းတွေရဲ. ရင်ခွင်ထက်က
ဒီ မြဲစိမ်းတောတစ်ခုကို
ပါဝေဒနာပညက်သလား

အတ္တတွေကို
အစီစဉ်ကျအောင် နေရာချရင်း
ရင့်ကျက်ခြင်း တံတိုင်းတွေနဲ.
ကိုယ်တိုင်ခြားနားမိ

သခင်ရယ်
ဆင်ခြင်တုံတရားတွေရဲ.
အဝေးဆုံးမှာ
နေထိုင် ရှင်သန်ခွင့်ပြုပါ
အနက်ရှိုင်းဆုံးချစ်ခြင်းတရားတွေ-
တောက်ပဖို.ပေါ့​။ ။

ဒီဇင်ဘာ(မုန်းချောင်း)

No comments:

Post a Comment