Thursday, March 5, 2009

ရှာဖွေခြင်းခရီး

ရေခဲမြစ်တစ်စင်း တိုက်စားလို
ရင်ခွင်ကမ်းပါးတွေပဲ.ကြွေစမ်းပါစေ
နှလုံးသားကြမ်းပြင်ထက်မှာ
ချစ်သူအငွေ.အသက်ကလေးတွေ
နှစ်လကြာရှည်
ထာ၀၇အဖြစ်နဲ.အေးခဲစေတော့

ရယူခြင်း
ပိုင်ဆိုင်ခြင်း
စွန်လွှတ်ခြင်း
ခွင့်လွှတ်ခြင်း
ဒီလိုဖွင့်ဆိုခြင်း များစွာနဲ.
ငါ့ရဲ.ရှာဖွေခြင်းတိုင်းမှာ
တစ်နေ.တစ်လံလို.
မြေပုံထဲကေ၇ွှပေါက်ကံက
ဝေးကွာဆဲ

အချစ်ကို
အတွေသီအိုရီတွေနဲ.ရောယှက်
အဖြေထွက်တာက
ပင်လယ်တစ်ဝက်
တောင်တန်းတစ်ဝက်
ဆုံးဖြတ်ရလဲခက်တယ်

သခင်ရယ်
ရှေ.ဆက် ဖို.လမ်းတစ်ဝက်မှာ
သမင်လည်ပြန်ခြေလှမ်းနဲ.
တစ်လှမ်းဆုတ်အားယူ
နေပူပူ နွေထဲမှာ
- ခြေဗလာပါပဲကွယ်

ဒီဇင်ဘာ(မုန်းချောင်း)

No comments:

Post a Comment