Tuesday, March 3, 2009

အပြာရောင်ပင်လယ်

ဘ၀ဆိုတာပင်လယ်တဲ့
ဒီလိုနဲ.ကူးခတ်ရင်း
မနက်ဖြန် သတင်းမှာ လှိုင်းထန်မှာစိုးလို.
ရေဒီယိုအသံလှိုင်းဆိုတာ
မကြားဝံ့ပါဘူးချစ်သူ

ချစ်သူ လက်ခုတ်ထဲက
ငါ့ပင်လယ်ပါ
ပစ္စုပန်ရာသီမှာ
ရင်ခုံသံမာတိကာကို ငါရှာဖွေမိတော့
ကောင်းကင်လို ပြာလွင်ဆဲ

ရင်ခွင်ရဲ.
နှလုံးသားဘက်ရပ်ဝန်းမှာ
လေဖိအား မနည်းပါရစေနဲ.
ချစ်သူရယ်

မုန်းတယ်ဆို၇င် ငါ့ရင်ခွင်မှာ
မုန်တိုင်းဝင်တဲ့ ရာသီဖြစ်လိမ်မယ်။ ။

ဒီဇင်ဘာ (မုန်းချောင်း)

No comments:

Post a Comment