Tuesday, March 3, 2009

သိင်္ဂရစစ်ပွဲ

ခြောက်သွေ.လွန်းတဲ့ သိင်္ဂရမြက်ခင်း
သွဲ.သွဲ.လေညှင်းရဲ. ၇နံ.မှာ
ရသစိမ်းတွေ ခါးသက်စွာသင်းတယ်

သံယောဇဉ်ညှာ နွယ်လိမ်ရစ်
ကကြိုးရှုပ်တဲ့ အသဲသခင်
လူမိုက်ရယ်လို.
အပြစ်တင်လိုက တင်ကြတော့

ဓာလှံဆင်မြင်း
မာန်ဟုန်တင်း စစ်တလင်းခင်းလို.
ချစ်ပလင် သခင်နင်းပါလှဲ.
အသဲချင်းလဲ စီးချင်းမယှဉ်ဝံ့တဲ့သူပါ

သခင်ရှေမှာ
ကိုယ်နဲ.လိပ်ပြာ တွဲလိုမြဲမခိုင်
ဆင်ကျင်းမြင်းကျင်းလဲ သတိမစင်နိုင်ခဲ့
တွန်းဝှေ.ဝှေ.လို. ချွန်းကုန်မဖွင့်ခင်က
ဟောင်းရွက်ကြွေအညှာတဲသလို
ချစ်နယ်မြေ ခြေကုတ်မမြဲနိုင်ခဲ့
သခင့်ရယ်သံ အဖျားခတ်ရုံနဲ.
ကြွေ အသဲ
ရင်ထဲက ပြုတ်စင်လွင့်ထွက်။ ။

ဒီဇင်ဘာ(မုန်းချောင်း)

No comments:

Post a Comment