Tuesday, March 3, 2009

အိပ်ပျက်ဝေဒနာ

အမုန်းပင်လယ် လက်တကမ်း
နှလုံးသား တစ်ခြမ်းနဲ.
အသည်းအသန် ကူးခတ်
ကမ်းတစ်ဖက်မှာ ချစ်ခြင်းတဲ့လားကွယ် ။

ရောင်စုံနူးညံ့
သင်းပျံ.ထုံပွင့်လွှာပါးနဲ.
ဇကာခြား မျက်လွှာချ
ပင်လယ်ကိုတောင် ပြာကျမတက်
မျက်စောင်းခတ်သံတွေ ။
ကိုးန၀င်းနဲ. သိဒ္ဓိတင်ရင်း
ရေခဲမြစ်တစ်စင်းလို တိုက်စားခြင်းတွေနဲ.
နှလုံးသား ကြမ်းပြင်ထက်မှာ
ချစ်သူရဲ. အငွေ.အသက်ကလေးတွေ
ထာဝရ အေးခဲစေတော့ ။

အနိုင်ယူတက်လွန်းတဲ့
နှင်းဆီတစ်ဖူးရဲ.
မိုးကြိုးစက် အကြည့်တစ်လက်မှာ
ပ၀ါဖြူကို အလံလိုထူခဲ့ ။

နေညိုလေ့ရှိတဲ့
တောင်စွယ်မှာ ဗဟိုပြု
ရာဇဒါဏ်သင့်ခဲ့တဲ့ ချစ်ခြင်းတစ်ခုလို
ရှင်သန်ခြင်းတွေလည်း
စည်းတစ်ဖက်ခြား ။

နှောင်းတမြေ.မြေ. ဝေဒနာ
လေလာတိုင်း ရင်းမှာကြွေ
အိပ်ပျက်သူအတွက် ညတာလည်းရှည်ရဲ. ။ ။

ဒီဇင်ဘာ(မုန်းချောင်း)

No comments:

Post a Comment