Tuesday, March 3, 2009

အလွမ်းငှက်

ပြန်လမ်းမဲ့ဆန်.ထွက်ခဲ့ရတယ်

ရင်ခွင်ကိုရွက်စုံဖွင့်ရင်းပေါ့။



ရင်ခွင်ခြင်းအပ်လို.

ရင်ခုံခြင်းတွေဝင်ရိုးစွန်းတစ်ဘက်စီမှာကျောက်ချ။



သံနှင့်ပြဒါး

သူ.လမ်းသူသွားရင်

ကိုယ်ခရီးမှာကိုယ်တိုင်နစ်မျော

ဝေဒနာတောမှာနေမြင်.ခဲ့ရ။

အလွမ်းဆိုတာ

ချစ်တက်သူတွေခံစားဖို.သက်သက်ပါပဲ။



အသဲထဲတစ်နေရာမှာ

လှောင်ပြုံးတက်တဲ့နှုတ်ခမ်းနှစ်လွှာရေ။

တိမ်ညိုတွေရဲ.အနားတစ်ဘက်မှာ

ငွေရောင်အနားသတ်ဖို.

ငါ့အတွက်မသေချာသေးဘူး။

ပစ္စုပန်မှာလဲမှောင်မိုက်ဆဲ

ဒီအချစ်အတွက်နဲ.ပဲ

နိဂုံးတွေခါးခဲ့ရ

ပုံသေနည်းချထားတဲ့ အဖေါ်မဲ့ညည့်နက်ထဲမှာ

အထီးကျန်ပျံသန်းခဲ့တဲ့ငှက်တစ်ကောက်ပါ။

တစ်နဲ.တစ်ရဲ.အဖြေဟာ

မင်းနဲ.ငါအတွက်

အလွမ်းသက်သက် ဖြစ်ခဲ့ရတယ်။ ။

No comments:

Post a Comment